ရန်ကုန် ၃၀  စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တညင်းကုန်းဈေးတွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိ သူများသည် တညင်းကုန်း ကုန်စိမ်းဈေးသစ်ကြီး ဈေးရုံ(၁၊ ၂၊ ၃)သို့ သွားရောက်၍ ဈေးအုပ်ချုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ GM ဦးအောင်နိုင်မိုးနှင့် ဈေးဝန်ထမ်းများက ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန် နှာခေါင်းစည်းများ တပ်ဆင်ထားမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ပြီး နှာခေါင်းစည်းများကို ဝေငှခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)