ဟားခါး ၃၀  စက်တင်ဘာ

 

ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းဖူးပင်များပျက်စီးမှုအခြေအနေ များကို ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ ပူးပေါင်း၍ စက်တင်ဘာ ၂၉ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာ နှီရ်လှောန်းကျေးရွာရှိ အိမ်ထောင်စု(၁၁)စု၏ ပြောင်းဖူးစိုက်ခင်း (၁၆)ဧကတွင် ပျက်စီးသည့် ပြောင်းဖူးအရေအတွက်မှာ တစ်ဧကဝင်ဆံ့သည့် ပြောင်းဖူးအပင် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သဘာဝဘေးကြောင့် တောင်သူတွေစိုက်ပျိုးတဲ့ ပျိုးပင်တွေအပေါ်မှာ လူမှု စီးပွားထိခိုက်တဲ့အထိ ပျက်စီးဆုံးရှုံးမှုရှိမှသာ အစားထိုးအနေနဲ့ မျိုးစေ့တွေပြန်ပေးပါတယ်။ အခုကတော့ ပျက်စီးမှုက အနည်းငယ်သာဖြစ်ပါတယ်” ဟု ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။

 

ခရိုင်(ပြန်/ဆက်)