ကျောက်ကြီး ၃၀ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး အဝတ်လျှော်ရင်း ကျောက်ကြီးချောင်းအတွင်း ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ကြီးမြို့မရဲစခန်းမှ လူတစ်ဦး အဝတ်လျှော်ရင်း ကျောက်ကြီးချောင်းအတွင်း ပြုတ်ကျ ရေနစ်သေဆုံးနေကြောင်း မအူပင်ဆိပ်ကျေးရွာတာဝန်ခံ၏ ဖုန်းဆက်အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူသည် မအူပင်ဆိပ် ကျေးရွာနေသူ ဒေါ်အေးအေး ၅၄ နှစ်ဖြစ်ကာ ကျောက်ကြီးချောင်း၏ မျက်နှာချင်းဆိုင်ရှိ ၎င်း၏ နေအိမ်တွင် ဆယ်ယူထားသည်ကို တွေ့ရှိရ၍ ၎င်းမှာ ရေနစ်သည့် လက္ခဏာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ဆက်လက်စစ်ဆေးရာ ကျောက်ကြီးချောင်းနံဘေး ရေစင်ဖျားပေါ်တွင် အဝတ်လျှော်ရာမှ သေဆုံးသူတွင် အတက်ရောဂါရှိသဖြင့် တက်ပြီးရေထဲပြုတ်ကျကာ ရေနစ်သေဆုံးရခြင်းဖြစ်သည်ဟု စစ်ဆေးရမိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ကြီးမြို့မရဲစခန်းမှ ဓမ္မတာအတိုင်သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရန် သေသေခင်းအမှတ်စဉ် (၃/၂၀၂၀)ရေးဖွင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုသားကြီး (ကျောက်ကြီး)