ရမည်းသင်း  ၃၀  စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွေဒါးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့်  ကားခေါင်းခန်းအတွင်း ညပ်နေသူ ယာဉ်မောင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရှိသဖြင့် အလင်းရောင် ပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရမည်းသင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။

Crd-Myanmar Fire Service Department