ကန်ပက်လက်    ၃၀  စက်တင်ဘာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၅)ရွာတွင် ကျေးရွာ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ (၂၅)လုံးအား တည်ဆောက်နိုင်ခဲ့ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

အဆိုပါ ကျေးရွာဝန်ထမ်းအိမ်ရာများမှာ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ‌ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက် ခြင်းဖြစ်ပြီး ကျေးရွာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ‌ပညာရေးဝန်ထမ်းများအတွက် ရည်ရွယ် တည်ဆောက်ရခြင်းဖြစ်ကြောင်းနှင့် ယင်းအိမ်ရာမှာ ပျဉ်ခင်း၊ သွပ်မိုး၊ သွပ်ကာအမျိုးအစားဖြစ်ပြီး အလျား (၂၄)ပေနှင့် အနံ(၁၈)ပေရှိကြောင်း သိရသည်။

 

အဆိုပါကျေးရွာ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ (၂၅)လုံးမှာ ယခုချိန် လုပ်ငန်းအားလုံး (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခင်နှစ်တွင် ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ (၅၄)လုံး တည်ဆောက် နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် (၂၅)လုံး တည်ဆောက်နိုင်ကြောင်းနှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက် တည်ဆောက်သွားရန်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကန်ပက်လက်မြို့နယ် တာဝန်ခံ ဦးစီးအရာရှိ ဦးထန်းကီးက ပြောသည်။

ကိုလိန်း(ပြန်/ဆက်)