မန္တလေး  ၃၀  စက်တင်ဘာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပမည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဖြေဆိုကြမည့် ဆုထူးပန်အဘိဓမ္မာ သင်တန်းသားများအ‌နေဖြင့် စာမေးပွဲဝင်ခွင့် အဆိုပြုလွှာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ တင်သွင်းနိုင်ပြီ ဖြစ်ကြောင်း ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေအသင်း(မန္တလေး)ထံမှ သိရသည်။

 

ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း(မန္တလေး)မှ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသို့ စာမေးပွဲဖြေဆိုမည့် ဝင်ခွင့်အဆိုပြုလွှာများကို အချိန်မီတင်ပြ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ဆုထူးပန်အဘိဓမ္မာ သင်တန်းမှ စာမေးပွဲ ဖြေဆိုကြမည့် သင်တန်းသားများနှင့် အောင်မြေသာစံမြိုနယ် စာဖြေဌာနတွင် ဖြေဆိုလိုသော ပြင်ပအလွတ် ဖြေဆိုကြမည့် သူများအားလုံးက စာမေးပွဲဝင်ခွင့် အဆိုပြုလွှာများကို အောက်တိုဘာ ၂၀ ရက်နေ့ နောက်ဆုံးထား၍  ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း(မန္တ‌လေး)မှ အတွင်းရေးမှူး ဒေါက်တာခင်စန်းရီ ထံသို့ ဆက်သွယ်ပေးပို့ကြရမည်ဖြစ်သည်။

 

အဆိုပါ စာမေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသတ်မှတ်ထားပြီး အပြောင်းအလဲရှိပါက ထပ်မံအသိပေး အကြောင်းကြားသွားမည်ဖြစ်ကာ အသေးစိတ် သိရှိလိုပါက ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း(မန္တလေး)၏ နာယက ဦးလှဘော် (ဖုန်း-09771993277)၊ ဥက္ကဋ္ဌ ဦးအောင်သန်းမြင့် (ဖုန်း-092007572)နှင့် အတွင်းရေးမှူး ဒေါက်တာခင်စန်းရီ(ဖုန်း-09663074644)တို့ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)