၃၀ စက်တင်ဘာ

 

ကယ်လီဖိုးနီးယားသမိုင်းတွင် အကြီးမားဆုံးသောတောမီးလောင်ကျွမ်းမှုသည် အနောက်ကမ်းခြေတစ်လျှောက် နှစ်လကြာလောင်ကျွမ်းခဲ့ပြီးနောက် ကယ်လီဖိုးနီးယားရှိ ကမ္ဘာ့ထင်ရှားသော ဝိုင်ထုတ်လုပ်သည့်ဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။

 

အဆိုပါ တောမီးသည် ကယ်လီဖိုးနီးယားတွင် ဟက်တာ ၁ ဒသမ ၄၅ သန်းနှင့် အိမ်နီးချင်း အော်ရီဂွန်တွင် ဟက်တာ ၄၀၀၀၀၀ လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုလျော့ကျမည့် လက္ခဏာအနည်းငယ်သာရှိသည်။

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကယ်လီဖိုးနီးယားမြောက်ပိုင်း နာပါနှင့်ဆိုနမာ ဒေသများတွင် တောမီးစတင်လောင်ကျွမ်းခဲ့သည်။

 

ထိုမီးလောင်ကျွမ်းမှုသည် ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းနှစ်ခု၏ စပျစ်ခြံများကို ပျက်စီးစေခဲ့ပြီး အပန်းဖြေ ဟိုတယ်များသို့ပါ ပျံ့နှံ့သွားကြောင်းနှင့် လူပေါင်း ၆၈၀၀၀ ကျော်ကို ဘေးကင်းသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း ဒေသခံမီးသတ်အရာရှိများက ပြောကြားသည်။

 

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆွန်းမ်က နာပါ၊ ဆိုနမာနှင့် ရှာစတာ ဒေသများကို အရေးပေါ်အခြေအနေအဖြစ် တနင်္လာနေ့က ကြေညာခဲ့ပြီး ဖက်ဒရယ်အစိုးရထံ အကူအညီတောင်းခံခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို