နေပြည်တော် ၃၀ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နေ့လယ် ၁ နာရီအချိန်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် Information Matrix အမှုဆောင် အရာရှိချုပ် ဦးသောင်းစုငြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ခေတ်မီလူထု ဆက်သွယ်ရေးနည်းလမ်းများအကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သတင်းမီဒီယာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် အရာထမ်း အမှုထမ်း (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
Crd-MOI