၃၀ စက်တင်ဘာ

 

အမေရိကန် ရွေးကောက်ပွဲမတိုင်မီကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်အား သမ္မတလောင်း ဂျိုးဘိုင်ဒန် က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ နှစ်သိန်းကျော်ဖြစ်လာတာဟာ ထရမ့်ရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

အဲဒီ စကားကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ထရမ့်က တရုတ်နိုင်ငံမှာ လူဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ မသိနိုင်သလို ရုရှားက သေဆုံးသူအရေအတွက် သေချာမသိကြောင်း နဲ့ အိန္ဒိယနိုင်ငံရဲ့ သေဆုံးသူ အရေအတွက်ကိုလည်း မသိနိုင်ကြောင်း၊ အဲဒီနိုင်ငံတွေက အရေအတွက် အမှန်ကို ထုတ်ပြန်မှု မလုပ်ကြောင်း  စကားစစ်ထိုးပွဲမှာ ပြောကြားသွားပါတယ်။

 

ဒါ့အပြင် သမ္မတ ထရမ့်က သူသာ စီမံခန့်ခွဲမှု မရှိခဲ့ဘူးဆိုရင် သန်းချီပြီးသေနိုင်ကြောင်း ပြောပါတယ်။

 

အမေရိကန်ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေကို မကြာခဏ ဝေဖန်လေ့ရှိပြီး အိန္ဒိယနိုင်ငံကို အမေရိကန်ရဲ့ မိတ်ဖက်အနေနဲ့ ပြစ်တင်တာမျိုးက အင်မတန် နည်းပါးပေမယ့် သမ္မတ စကားစစ်ထိုးပွဲမှာတော့ ထရမ့်က ပြစ်တင်ပြောဆိုသွားပါတယ်။

 

သမ္မတ ထရမ့်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ခေါ်မှုနဲ့ အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက သွားရောက်လည်ပတ်ခဲ့ပြီး ထရမ့်ရဲ့ အမျိုးသားရေး အတွေးအခေါ်တွေကို မျှဝေခဲ့တာကိုတွေ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးတွေ့ရှိသူ ဒသမ သန်းရှိတဲ့အတွက် အမေရိကန် နိုင်ငံပြီးရင် ကမ္ဘာမှာ ပိုးတွေ့ရှိသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ ကပ်ရောဂါပိုးဆိုင်ရာ အေဂျင်စီရဲ့ မနေ့က ထုတ်ပြန်ချက်အရ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သန်း ၆၀ ကျော်ရှိကြောင်း၊ အဲဒီအရေအတွက်ဟာ လူနေထူထပ်တဲ့ ဒေသတွေမှာ နေထိုင်သူတွေရဲ့ သွေးစစ်ဆေးမှု အဖြေအရ ထုတ်ပြန်တာဖြစ်ကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP