ဇလွန် ၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတာ တာမိုင်(၃၃/၀) - (၃၆/၀) အတွင်း တာတမံပြုပြင်ခြင်း လုပ်ငန်းမြေယူဧရိယာအတွင်း ပါဝင်သွားသော တောင်သူများ၏ လယ်မြေများအတွက် နစ်နာကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
ပေးအပ်ရာတွင် ဇလွန်မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ တာမိုင်(၃၃/၀) - (၃၆/၀)အတွင်း တာတမံပြုပြင်ခြင်း လုပ်ငန်းမြေယူ ဧရိယာအတွင်း ပါဝင်သွားသော ရေတွင်းကုန်း၊ အထွဋ်၊ မြစ်ဝ ကျေးရွာအုပ်စုမှ တောင်သူ ( ၁၆ )ဦး၏ လယ်မြေ ( ၁၂ )ဧကအတွက် တစ်ဧကလျှင် ငွေကျပ် (၂၂) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၆၄) သိန်းကို တာဝန်ရှိသူများက တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)