(၁-၁၀-၂၀၂၀ ရက်၊ တိုင်ပေမြို့)
Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ရှိ Wan Hai Lines Ltd. ပိုင် သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်မှုကာလ ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာသင်္ဘောသား (၂၁) ဦးအား ၁-၁၀-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၄:၄၅ နာရီတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International – MAI) စင်းလုံးငှားလေယာဉ် လေကြောင်းပျံသန်းအမှတ်၊ 8M 751 ဖြင့် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဒေသမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၂၃၄) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar