ပလက်ဝ ၁ အောက်တိုဘာ

 

ချင်းပြည်နယ် ပလက်ဝမြို့၌ စက်သုံးဆီ(ဒီဇယ်) ပြတ်လပ်မှုကြောင့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုကို ဒုတိယအကြိမ် ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်မှုများ ဆောင်ရွက် ထားခြင်းကြောင့် ပလက်ဝမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် အသုံးပြုမည့် စက်သုံးဆီ(ဒီဇယ်) ပီပါ (၁၁၇)လုံးသည် ဆမီးမြို့၌ သောင်တင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စက်သုံးဆီ(ဒီဇယ်) ပီပါများ ပလက်ဝမြို့သို့ ရောက်ရှိလာပါက ယခင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့်အတိုင်း တစ်ရက်(၄)နာရီဖြင့် (၄)လကျော် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးနိုင်းထန်းကီး ထံမှသိရသည်။

 

အောင်ကျော် (ပလက်ဝ)