ဆွမ်ပရာဘွမ်   ၁   အောက်တိုဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် HandSpeaker ၊ Thermometer ၊ Mask များ ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အခြေခံလူတန်းစား အိမ်ထောင်စုများ အား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြောကြားခဲ့ သည်။ ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ကျေးရွာအုပ်စု (၉)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၂၆)စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ဖြင့် စုစုပေါင်း ငွေကျပ် (၂၅၂၀၀၀၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ် ရပ်ကွက် (၃) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၉) အိမ်ထောင်စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ဖြင့် စုစုပေါင်းကျပ် (၇၈၀၀၀၀) အား စက်တင်ဘာ ၂၈ ရက်က အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇာနည်တိုးက ပြောကြားခဲ့သည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် Hand Speaker (၁၂) ခု၊ Thermometer (၁၂) ခုအား ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပြီး Mask (၁၂) ဘူးကို မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်ချုပ်၊ ကုသရေး ကော်မတီမှ ထောက်ပံ့ပေးအပ် ခဲ့သည်။ အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ကုဋေ(ဆွမ်ပရာဘွမ် ပြန်/ဆက်)