အောက်တိုဘာ

 

အမေရိကန်ဆေးကုမ္ပဏီ မိုဒါနာ(Moderna) ကထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးဟာ နိုဝင်ဘာ ၂၅ ရက်မတိုင်မီ အရေးတကြီး သုံးစွဲရန်ခွင့်ပြုချက်ကို ရအောင်လုပ်မှာ မဟုတ်ကြောင်း ကုမ္ပဏီရဲ့ CEO မစ္စတာ ဘန်ဆယ် က Financial Times သတင်းစာကို ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

 

သမ္မတ ထရမ့်က ရွေးကောက်ပွဲမတိုင်မီမှာ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး ရအောင်လုပ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲဆွယ်နေတာမျိုး လုပ်နေတာကို အခုပြောဆိုချက်က ဖောက်ခွဲလိုက်တဲ့ ပုံစံမျိုးရှိပါတယ်။

 

မစ္စတာ ဘန်ဆယ်က နိုဝင်ဘာ ၂၅ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲဦးစီးဌာန FDA ကိုတင်ပြမယ့် စာရွက်စာတမ်းအပြည့်အစုံ ရရှိနိုင်ဖြစ်ကြောင်း၊ အဲဒီအချက်အလက်တွေမှာ ကာကွယ်ဆေးဟာ အသုံးပြုရန် အန္တရာယ်ကင်းကြောင်း ထောက်ခံချက် အပြည်အစုံပါရှိမှာဖြစ်ကြောင်း သတင်းစာကို ပြောကြားပါတယ်။

 

သမ္မတ ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုဝင်ဘာ ရက် ရွေးကောက်ပွဲမတိုင်မီ ရရှိနိုင်ကြောင်း မကြာခဏပြောနေတာကို တွေ့ရပါတယ်။

 

အခုလို သမ္မတရဲ့ ပြောဆိုချက်ကြောင့်  သမ္မတရဲ့ အုပ်ချုပ်ရေးပိုင်းက ဆေးဝါးထုတ်လုပ်ရေးပိုင်းကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အမြတ်ထုတ်မှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

 

အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဝင် သမ္မတလောင်း စကားစစ်ထိုးပွဲမှာပင် သမ္မတ ထရမ့်က ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးဟာ နိုဝင်ဘာ ရက်နေ့ မတိုင်မီမှာ ရမယ်လို့ ပြောခဲ့ပါတယ်။

 

မိုဒါနာ ဆေးကုမ္ပဏီဟာ ကာကွယ်ဆေးထုတ်လုပ်ရန် နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ ကုမ္ပဏီ ၁၁ ခုထဲက တစ်ခုဖြစ်ပါတယ်။

 

အမေရိကန်ဆေးကုမ္ပဏီ နောက်တစ်ခုဖြစ်တဲ့ ဖိုက်ဇာ (Pfizer) ရဲ့ CEO မစ္စတာ ဘိုလာကတော့  သူ့တို့ကုမ္ပဏီထုတ်ဆေးနဲ့ ပတ်သက်တဲ့ အဖြေကို  အောက်တိုဘာလမှာ ရရှိနိုင်ကြောင်း ပြောပါတယ်။

 

ကျွမ်းကျင်ပညာရှင်တွေက အောက်တိုဘာဆိုတဲ့အချိန်ဟာ ကာကွယ်ဆေးအဖြစ်သုံးစွဲရန် ရရှိတဲ့ အချက်အလက်တွေဟာ ပြည့်စုံမှာ မဟုတ်နိုင်ကြောင်း ပြောဆိုနေပါတယ်။

 

MDN

ကိုးကား - AFP