၁ အောက်တိုဘာ

 

အဇာဘိုင်ဂျန်နိုင်ငံနှင့်ဖြစ်ပွားသော တိုက်ပွဲများတွင် တူရကီ၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို အာမေးနီးယားအစိုးရက ရှုတ်ချခဲ့ပြီး အာမေးနီးယားစစ်လေယာဉ်တစ်စီးကို တူရကီဂျက်လေယာဉ်က ပစ်ချခဲ့သောဓာတ်ပုံများ အခိုင်အမာရှိကြောင်း ပြောကြးခဲ့သည်။

 

တူရကီနှင့်အဇာဘိုင်ဂျန်နှစ်နိုင်ငံစလုံးက ထိုပဋိပက္ခတွင် တူရကီပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့သည်။

 

နာဂိုမို-ကရာဘက်ဒေသနှင့် ပတ်သက်ပြီး ယခင် ဆိုဗီယက်သမ္မတနိုင်ငံများအကြား ပြီးခဲ့သည့် တနင်္ဂနွေနေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

လေးရက်ကြာဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။

 

တူရကီ အက်ဖ်-၁၆ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းက အာမေးနီးယား အတ်စ်ယူ-၂၅ လေယာဉ်ကို ပစ်ချခဲ့သော ဓာတ်ပုံလေးပုံကို အာမေးနီးယားအစိုးရက ယမန်နေ့က ဖြန့်ချိခဲ့သည်။

 

အဆိုပါ ပစ်ချခံရမှုကြောင့် လေယာဉ်မှူးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

 

တူရကီနိုင်ငံသည် အဇာဘိုင်ဂျန်တပ်ဖွဲ့များအား ထောက်ပံ့ပေးနေသည်ဟု အာမေးနီးယားက အခိုင်အမာပြောကြားသည်။

 

တူရကီအစိုးရက အတ်စ်ယူ-၂၅ လေယာဉ်ပစ်ချမှုကို ငြင်းဆိုခဲ့ပြီး အဇာဘိုင်ဂျန်သမ္မတက တူရကီလေတပ်သည် မည်သည့်တိုက်ပွဲမှပါဝင်ခြင်းမရှိကြောင်း ပြောကြားသည်။

 

အဇာဘိုင်ဂျန်က စစ်ရေးအကူအညီတောင်းခံပါက တူရကီနိုင်ငံအနေဖြင့် လိုအပ်သည်များကိုလုပ်ဆောင်ပေးမည် ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး က ယမန်နေ့က ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို