ဟိုင်းကြီးကျွန်း ၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အဝင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဖွင့်လှစ်ထားသည့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်သို့ ယခုလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ရေလုပ်ငန်းရှင်တစ်ဦးက စားသောက်ဖွယ်ရာပစ္စည်းများ လာရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဌာနပေါင်းစုံစစ်ဆေးရေး ဂိတ်ကို ဖွင့်လှစ်ကာ ဟိုင်းကြီးကျွန်းဒေသအတွင်း မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွားများသို့ လူအဝင်အထွက် ပြုလုပ်နေမှုများကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ယင်းစုပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင် နေကြသူများအတွက် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ရေလုပ်ငန်းရှင် ဦးသန်းဝင်း (မြတ်ကျော်လင်း)မိသားစုက ဆန်(၆)ပြည်အိတ်(၂)အိတ်၊ ဆီ တစ်လီတာဘူး(၆)ဘူး၊ ကြက်သွန်နီ(၅)ပိဿာ၊ ရေသန့် (၂၁)ကဒ်၊ ဘဲဥ(၁၀၀)လုံးနှင့် အခြားစားသောက်ဖွယ်ရာများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဒေသခံရေလုပ်ငန်းရှင် ဦးသန်းဝင်း(မြတ်ကျော်လင်း)မိသားစုက လှူဒါန်းခဲ့သည့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ယနေ့စစ်ဆေးရေးဂိတ် တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ကလက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)