နေပြည်တော် ၁ အောက်တိုဘာ
အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီး မောင်မောင်ဦးနှင့်ဇနီး ဒေါ်မိုးမိုးလှိုင် မိသားစုက တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ Oxygen Concentrator ၁ လုံး (တန်ဖိုးငွေ ၆၁၅ဝဝဝိ/−)နှင့် တပ်ဖွဲ့၀င်/ မိသားစုများမှ လှူဒါန်းငွေ ၁၁၅ဝဝဝဝိ/ −ကျပ် တို့အား ကျောင်းကိုယ်စား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)


