မော်လမြိုင်ကျွန်း  ၁  အောက်တိုဘာ 

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံးမှ အိမ်ထောင်စုဝင် ၅ ဦးအား ယနေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါပုံး ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀၀ နှင့် ဆန်ရိက္ခာ ၇ ရက်စာဖိုး ၁၀၅၀၀ ကျပ်၊  စုစုပေါင်း ၁၁၀၅၀၀ ကျပ်တိတိအား  ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)