မန္တလေး  ၁ အောက်တိုဘာ

 

ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မန္တလေးမြို့ရှိ သတင်းစာဆရာနှင့် ကာတွန်း ဆရာများအား မောင်စိန်ဝင်းနှင့်ညီများ စက်နှင့် စက်ပစ္စည်းရောင်းဝယ်ရေးမှ စားသောက်ဖွယ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုကို စက်တင်ဘာ ၃၀ ရက်က မန္တလေး အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြားရှိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်ခဲ့သည်။ 

 

အခမ်းအနားတွင် မောင်စိန်ဝင်းနှင့်ညီများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲနှင့် ငါး သေတ္တာဘူးများကို သတင်းစာဆရာများကိုယ်စား သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းမင်းက လည်းကောင်း၊ ကာတွန်းဆရာများကိုယ်စား ကာတွန်း ဝေယံကလည်းကောင်း လက်ခံရယူခဲ့ကြသည်။

 

ယင်းသို့လှူဒါန်းရာတွင် တစ်ဦးလျှင် ဆန် လေးပြည်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန် တစ်ပိဿာစီ၊ ငါးသေတ္တာ နှစ်ဘူးစီနှင့် နှာခေါင်းစည်း ၁၀ ခုစီ စုစုပေါင်း ၅၈ ဦးစာ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

မေသက်ထား