၁ အောက်တိုဘာ

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာသလို ဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူနေသူတွေ များလာတဲ့အတွက် ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်နိုင်မှုအောက်ကနေ လွတ်ထွက်သွားကြောင်း ဗုဒ္ဓဟူးနေ့မှာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးပြောကြားလိုက်ပါတယ်။

 

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၁၀၈ ဦးနဲ့ သေဆုံးသူ ၇၁ ဦးရှိကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သတင်းရှင်းလင်းပွဲမှာ ဗြိတိန်နိုင်ငံရဲ့ သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ ပက်ထရစ် ဗောလေ့စ်က အခြေအနေတွေက အဆိုးဘက်ကို သွားနေပြီ၊ အခုချိန်မှာ ထိန်းချုပ်နိုင်မှု မရှိတော့ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ 

 

ဗြိတိန်နိုင်ငံမှာ ဇွန်လက အသွားအလာ ပိတ်ဆို့တားမြစ်မှုကို ရုပ်သိမ်းခဲ့ပေမယ့် အခုသီတင်းပတ်အတွင်းမှာ လူစုလူဝေးနဲ့ပတ်သတ်ပြီး  တားမြစ်ချက်တွေနဲ့အတူ ဘားတွေကို အချိန်စောပိတ်ခိုင်းခြင်းတွေပါ ပြုလုပ်ခဲ့ပါတယ်။ 

 

သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲနဲ့အတူ ဝန်ကြီးချုပ်ဂျွန်ဆင်လည်း သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့အတွက် ဝန်ကြီးချုပ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့နဲ့ ဒီထက်တင်းကျပ်တဲ့ စည်းမျဉ်းတွေ မထုတ်ပြန်ရအောင် အားလုံးအတူတကွ ပူးပေါင်းပြီး ရလဒ်ကောင်းတွေ ထွက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုထားပါတယ်။ 

 

MDN
ကိုးကား - AFP