ပွင့်ဖြူ ၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အခက်အခဲမဖြစ်စေရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်နှင့် တာဝန်ရှိသူများက ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အာလူး ၊ ကြက်ဉ စသည့် စားသောက်ကုန်ပစ္စည်း ငါးမျိုးအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၂)ပြည် ၊ ဆီ(၅၀)ကျပ်သား ၊ အာလူး (၁)ပိဿာ ၊ ကုလားပဲ (၄)ဘူး၊ ကြက်ဉ (၁၀)လုံးစီတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးတွင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၇၅)ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)