တောင်ကြီး ၁ အောက်တိုဘာ
တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၌ မဲပေးသူဦးရေး ၃၁၉၁၂၇ ဦးရှိပြီး မဲရုံပေါင်း ၂၄၅ ရုံရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)