ပင်လုံ  ၁  အောက်တိုဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ပင်လုံမြို့ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ကျေးရွာအုပ်စု(၆) အုပ်စုရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။ 

 

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး  ပင်လုံမြို့ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စု၌ ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၄၇၉၀၂)ဦးရှိပြီး လျာထားမဲရုံအရေအတွက် (၃၆)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးသက်နိုင်ထံမှ သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသက်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ယနေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်)