လဟယ် ၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ တောင်တန်း သာသနာပြု ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းအတွက် နယ်စပ် ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထောက်ပံ့ရန်ပုံငွေဖြင့် ဘုန်တော်ကြီးကျောင်း တည်ဆောက်ရန်တစ်ကျောင်းလျှင် ဝတ္ထုငွေ ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျောင်း(၄)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်းသိန်း(၄၀၀)တိတိကို ယနေ့နံနက်ပိုင်းတွင် လဟယ်မြို့တောင်တန်းသာသနာပြု ဗဟိုကျောင်းတော်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်တန်းသာသနာပြုကျောင်းများဖြစ်သော လွန်းထောင်းကျေးရွာ၊ ယွန်တိုင်းကျေးရွာ၊ မွန်တုံးညိုကျေးရွာနှင့် ဆော်လော်နောက်ကုန်းကျေးရွာတို့တွင်တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်နိုင်ရန် တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် ခေတ္တနာဂဒေသဖွံ့ ဖြိုးမှုကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွန်ကြားရေးမှူးဦးရဲမင်းနှင့် လဟယ်မြို့နယ်သာသနာရေးဦးစီးမှူး ဦးလှ၀င်းတို့က လဟယ်မြို့နယ်တောင်တန်းသာသနာပြု ဗဟိုဆရာတော် ဘဒ္ဒန္တသုမနထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်