မိုင်းယောင်း ၂ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် လူနာတင်ယာဉ်ဝယ်ယူနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အရေးပေါ်လူနာတင်ယာဉ် မရှိသေးသည့်အတွက် လူနာတင်ယာဉ်ဝယ်ယူနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများမှ အလှူငွေ ကျပ်ငါးသိန်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဝန်ထမ်းများမှ အလှူငွေ ကျပ်နှစ်သိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး မတော်တဆ၊ မီးဘေး စသည့် သဘာဝဘေးဖြစ်ပွားချိန်တွင် လူ့အသက်ကို အချိန်မီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ်လူနာတင်ယာဉ် လိုအပ်လျက်ရှိရာ အလှူငွေများကို KBZ mobile banking 11430199908262201၊ Kpay 09250889399၊ Wavepay 09458034352 နှင့် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်း ဖုန်း ၀၉၄၂၈၂၂၉၈၄၃ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း