နောင်မွန် ၂ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ရှိ ကျေးရွာများသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ရပ်ကွက်ကျေးရွာများရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆေးပေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ ဆရာမ ဒေါ်ဇမီဆာရ်း(LHV) ဦးဆောင်သော အဖွဲ့နှင့် ဆရာမဒေါ်နင်ရာ(MW) ဦးဆောင်သော အဖွဲ့များက PEN Clinic ၊ AN care ၊ ငါးနှစ်အောက်ကလေးများကို ကိုယ်အလေးချိန်ပေးခြင်း၊ နှစ်နှစ်အောက်ကလေးများကို Spin Kle တိုက်ကျွေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ သွေးတိုး ဆီးချိုတိုင်းတာခြင်းနှင့် ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် COVID-19 အကြောင်း စသည့် ကျန်းမာရေးဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့်ကျေးရွာ အုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်းကုသသွားမှာ ဖြစ်ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)