တီးတိန်  ၂  အောက်တိုဘာ 

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကပ်ထားကြေညာထားကြောင်း သိရသည်။

 

တီးတိန်မြို့နယ်၌ မဲဆန္ဒနယ် (၂)ခုတွင် မဲရုံများဖွင့်လှစ်ပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ (၆၅) ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ (၇၅) ရုံ စုစုပေါင်း မဲရုံ(၁၄ဝ) ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင်အမျိုးသား ၂၈၁၀၄ ဦး၊ အမျိုးသမီး ၂၉၅၇၄ ဦး စုစုပေါင်း ၅၇၆၇၈ ဦး၏ အမည်စာရင်းများအား အောက်တိုဘာ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)