နေပြည်တော်  ၂  အောက်တိုဘာ

 

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် အမှတ်(၄) ရဲလေ့ကျင်းရေးကျောင်းမိသားစုများက ကလောမြို့နယ်၊ ဟဲဟိုးမြို့တိုက်နယ် ဆေးရုံသို့ လှူဒါန်းသည့် Oxygan Concentrator ၂ လုံး (တန်ဖိုးငွေကျပ် ၁၂၃၀၀၀၀)ကို ကျောင်းအုပ်ကြီး ရဲမှူးကြီး မောင်မောင်ဦးက ပေးအပ်လှူဒါန်းရာ တိုက်နယ်ဆရာဝန် ဒေါက်တာ ဒေါ်နွယ်နီထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)