တောင်တွင်းကြီး ၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း (တောင်တွင်းကြီး) မှ နှာခေါင်းစည်း(Mask) အခု ၅၀၀၀ အား ပြည်သူများလက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက တောင်တွင်းကြီးမြို့ မြို့လယ်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် သာသနာ့ဗိမာန်လမ်းဆုံနှင့် မြို့မစျေးကြီးဝန်းကျင် တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"တူညီစိတ်ထား ခိုင်မြဲလက်များ၊ ပြည်သူများအပေါ် မေတ္တာထား" ဟူသည့် အသင်း၏ဆောင်ပုဒ်နှင့်အညီ ယခုကြုံတွေ့ နေရသည့် ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask) ၅၀၀၀ အား ပြည်သူများလက်၀ယ်အရောက် အခမဲ့ ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း (တောင်တွင်းကြီး) ဥက္ကဋ္ဌ ဦးမင်းသုတက ပြောသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေး၊ မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်သင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း (တောင်တွင်းကြီး)မှ အသင်း၀င်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)