လားရှိုး ၂ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား ၅၁ ဦး ၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၅၉ ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၅၉)ဦးတို့တွင် ကချင်ပြည်နယ်မှ (၂)ဦး၊ ချင်းပြည်နယ်မှ (၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၆)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ (၁၃)ဦးနှင့် ရခိုင်ပြည်နယ်မှ (၁၀)ဦးတို့ ဖြစ်ကြသည်။
ထိုသို့ နေရပ်ပြန်ပြည်သူများကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာ မေလအတွင်း အမျိုးသား (၅၃၆၂)ဦး ၊ အမျိုးသမီး (၃၁၈၆)ဦး စုစုပေါင်း(၈၅၄၈)ဦး၊ ဇွန်လအတွင်း အမျိုးသား (၁၇၄၃)ဦး၊ အမျိုးသမီး(၁၂၄၄)ဦး စုစုပေါင်း (၂၉၈၇)ဦး၊ ဇူလိုင်လအတွင်း အမျိုးသား(၁၄၀၁)ဦး ၊ အမျိုးသမီး (၈၉၃)ဦး စုစုပေါင်း (၂၂၉၄)ဦး၊ ဩဂုတ်လအတွင်း အမျိုးသား (၁၀၅၉) ဦး၊ အမျိုးသမီး (၆၈၆)ဦး စုစုပေါင်း (၁၇၄၅)ဦး၊ စက်တင်ဘာလအတွင်း အမျိုးသား(၈၉၀)ဦး၊ အမျိုးသမီး (၅၃၅)ဦး စုစုပေါင်း (၁၄၂၅)ဦး၊ အောက်တိုဘာ ၁ ရက်မှ ယနေ့အထိ အမျိုးသား (၅၁)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း (၅၉)ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ရာ မေ ၆ ရက်မှ ယနေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၁၀၅၀၆) ဦး ၊ အမျိုးသမီး (၆၅၅၂) ဦး စုစုပေါင်း (၁၇၀၅၈) ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)