နေပြည်တော် ၂ အောက်တိုဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာနေ မချစ်နု၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၀၀၂ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၅၅ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အဆိုပါ ကျေးရွာရှိလမ်း၌ မဆောင်းကြည်အား ဘိန်းဖြူ သုည ဒသမ ၀၀၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၅၅ ပြားတို့ဖြင့်လည်းကောင်း။
ဆက်လက်၍ ၎င်းကျေးရွာနေ မလှညို၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ တို့ကို လည်းကောင်း၊ အလားတူယင်းနေ့ နံနက် ၁၁ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိတောအတွင်း၌ မြေကြီးအတွင်းမှ ပလတ်စတစ်ပုံးဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (ရေစိုပျက်စီး) ၉၅ ကီလိုနှင့် ကော်ပီပါဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃၈ ကီလို စုစုပေါင်း ငွေကျပ်သိန်း ၂၃,၃၀၀ တန်ဖိုးကို သိမ်းဆည်း ရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(ရဲပြန်ကြား)