ရမည်းသင်း ၃ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး (ဒုတိယ ညွှန်ကြားရေးမှူး) ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးနှင့် ဝန်ထမ်းများက ပုတီးကုန်းအုပ်စု ကုန်းသာကျေးရွာ အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ သစ်ဆုံကြီးအုပ်စု သစ်ဆုံကြီးကျေးရွာ မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရပ်မိရပ်ဖများ ရေကော်မတီများနှင့်တွေ့ဆုံကာ လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ကြီးကြပ်ပေးကြရန်၊ လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးပြည့်မီအောင် လုပ်ဆောင် သွားကြရန် လမ်းညွှန်မှာကြားသည်။
အဆိုပါကျေးရွာရေရရှိရေး လုပ်ငန်းများဖြစ်သော ပုတီးကုန်းအုပ်စု ကုန်းသာကျေးရွာတွင် (ဂါလန် ၂၄၀၀ ဆံ့) အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် ၁၈၀၀ ပေ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ သစ်ဆုံကြီး အုပ်စု သစ်ဆုံကြီးကျေးရွာတွင် မြေသားရေကန် အလျား ပေ ၃၀၀၊ အနံ ပေ ၁၀၀၊ အနက် ၄ ပေ ပြုပြင် တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲအောင်(ကျေးလက်)