တာလေ ၃ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အသက်တစ်နှစ်ခွဲအောက် ကလေးများနှင့် (၁၅) နှစ်အောက်ကလေးငယ်များအား ဒုတိယအကြိမ် ပိုလီယို နှင့် ဆုံဆို့နာရောဂါ (အမီလိုက်) ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို Covid-19 ကူးစက်ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့က အမှတ်(၁) ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်နှင်းကြူ ဦးဆောင်သော သားဖွားဆရာမများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယအကြိမ်အဖြစ် အသက်(၁) နှစ်ခွဲအောက် ကလေးငယ် များအား ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် လစဉ်ပုံမှန် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး ခြင်း၊ အသက်(၁၅) နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဆုံဆို့နာရောဂါ (အမီလိုက်) ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာလေမြို့ရှိ အသက်(၁) နှစ်ခွဲအောက် ကလေးများနှင့် (၁၅)နှစ်အောက် ကလေးငယ်များအား ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့နာရောဂါ (အမီလိုက်)ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို Covid-19 ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် စက်တင်ဘာ ၂၉ ရက်မှစ၍ ရပ်ကွက်အလိုက် အလှည့်ကျ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)