အုတ်တွင်း ၃ အောက်တိုဘာ
ရန်ကုန်-မန္တလေး မီးရထားအဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁) အပိုင်း(၁၀၃) ညောင်လေးပင်-တောင်ငူ (၁၁၆)ကီလိုမီတာ လုပ်ငန်းဆောင်ရွက်နေသည့် TOKYU ဝန်ထမ်းမိသားစုများမှ ယနေ့နံနက် ၁၀ နာရီက အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဈေးရပ်ကွက်ရှိ အိမ်ထောင်စု(၄၆၂)စုတို့အား အခြေခံစားကုန်းများ ထောက်ပံ့ပေးကြောင်း သိရသည်။
ရှေးဦးစွာ အုတ်တွင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၃၅)ဦးအတွက် TOKYU CONSTRUCTION FAMILY DONATION CEREMONY မှ တာဝန်ရှိသူများက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် ဝန်ထမ်းများထံသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ဆား၊ ကြက်ဥ စသည့်ပစ္စည်း(၅)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် TOKYU ဝန်ထမ်းမိသားစုများသည် အုတ်တွင်းမြို့နယ် စီမံကိန်းဦးစီးဌာနရုံးရှေ့တွင် ဈေးပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၄၆၂)စုတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့်အတူ အိမ်ထောင်စု တစ်ခုချင်းစီအလိုက် ဆန်(၆)ပြည်၊ ဆီ(၁)ဘူး၊ ကြက်သွန်(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံးနှင့် ဆား(၁)ထုပ်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)