ကျိုင်းတုံ  ၃  အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် တရားမဝင်ထင်းရှူးခွဲသား ၂၀ ဒသမ ၉၄၀၆ တန် ကို အောက်တိုဘာ ၂ ရက် နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက် နံနက် ၂ နာရီခန့်က မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံ ကားလမ်း ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် ကျိုင်းတုံဘက်သို့ မောင်းနှင် လာသော (၁၀)ဘီးယာဉ်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ  ယာဉ်ပေါ်တွင် တရားမဝင်ထင်းရှူးခွဲသား ၃၉၆ ချောင်း (၂၀ ဒသမ ၉၄၀၆ တန်) ခန့်မှန်းတန်းဖိုးငွေကျပ် ၂၀၉၄၀၆၀ ကို တင်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် တရားမဝင်သစ်များသယ်ဆောင်လာသည့် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ ယာဉ်မောင်း နေလင်းထွန်း (၂၇ နှစ်)နှင့်   ယာဉ်နောက်လိုက် မိုးဇော်ဌေး (၁၉ နှစ်)၊  သစ်များအား တာဝန်ယူသယ်ဆောင်လာသည့် ကျိုင်းတုံမြို့ ကျိုင်းကာရွာနေ မြတ်မင်းအောင် (၁၉ နှစ်)၊ ကျိုင်းတုံမြို့  လုပ်သားရွာနေ အဖော်လိုက်ပါလာသူ သီမင်းဟန် (၁၉ နှစ်)တို့အား ကျိုင်းတုံမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)