မန္တလေး ၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ စစ်ဆေးသည့် Test Kits များဖြင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရမည်းသင်းဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ စမ်းသပ်ကုသနိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံထုန် Test Kits အခုရေ ၅၀၀၀ ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်မှုကို အခုလ ၂ ရက်မှ စတင်ဆောင်ရွက်နေပြီး UMFCCI နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
“အဓိကက တိုင်းဒေသကြီး ၆ ခုက အရေးကြီးတယ်။ တိုင်းဒေသကြီး ၆ ခုက ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌတွေ ပူးပေါင်းပြီး ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ကပြောသည်။
Test Kits များဖြင့် စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိပါက ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မေသက်ထား


