၃ အောက်တိုဘာ

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့လက ဆေးရုံတစ်ရုံမှာ ဆေးကုသခံယူခဲ့ကြောင်း နဲ့ အခုတော့ ပြန်လည် ကျန်းမာလာကြောင်း သိရပါတယ်။

 

အသက် ၇၁ နှစ်အရွယ် ထိုင်းဝန်းကြီးချုပ်ဟောင်းဟာ လက်ရှိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်နေပါတယ်။ သက်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့အတွက် ဆေးရုံမှာ သီတင်းနှစ်ပတ် ဆေးကုသခံယူနေရာမှ စက်တင်ဘာလလယ်တွင် ဆေးရုံက ဆင်းခဲ့ကြောင်း၊ သက်ဆင်ဟာ စားသောက်ဆိုင်တစ်ခုကို သွားရောက်ပြီးနောက် ကူးစက်ခံခဲ့ရကြောင်း သက်ဆင်ရဲ့ ပါတီဖြစ်တဲ့ ဖူရက်ထိုင်း ပါတီတွင်းက သတင်းရပ်ကွက်က ပြောပါတယ်။

 

၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး သက်ဆင် ကို ဝန်ကြီးချုပ်ရာထူး ကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။ ဘီလီယံနဲ့ချီပြီးချမ်းသာတဲ့ သက်ဆင်ဟာ ၂၀၀၈ ခုနှစ်တွင်  ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ပြီး နိုင်ငံခြားမှာ နေထိုင်နေတာဖြစ်ပါတယ်။ သက်ဆင်ကို ထိုင်းနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲထားပါတယ်။

 

MDN

ကိုးကား- AFP