စဉ့်ကိုင်  ၃  အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရန်နိုင်ရပ်ကွက်တွင် ဖွဲ့စည်းထားရှိသော သစ္စာနိုင်ရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား/အသင်းသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ထောက်ပံ့ငွေ ပေးအပ်ခြင်းကို   ယနေ့ နံနက် ၁၀ နာရီက    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်ရာတွင်  သစ္စာနိုင်ရောင်းဝယ်ရေးသမဝါယမအသင်းမှ အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် အသင်းသား (၁၈၀)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၈ သိန်းကို တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာန၊  ဦးစီးအရာရှိ ဦး၀င်းဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ္စာနိုင် ရောင်း၀ယ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးထွန်းမောင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း အသင်းသား/ အသင်းသူများအား  ထောက်ပံ့ငွေ များပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)