ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားအုန်းဆီများအား ပြည်သူများသို့ ရောင်းချပေးလျက်ရှိသည်။