ဇူလိုင် ၂၂
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦးကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါကူးစက်ခံရသူသည် အသက် ၂၇ နှစ်အရွယ်ရှိသူဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံမှဖူးခက်သို့ လာရောက်သူဖြစ်သည်။
၎င်းဖျားနာနေသည်မှာ သီတင်းပတ်တစ်ပတ်ကြာမြင့်ပြီ ဖြစ်သည်။ ၎င်းတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေသည်ဟု ယမန်နေ့က အတည်ပြုခဲ့ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အိုပက်စ်ကာန်ကာဝင်ပွန်က ပြောကြားသည်။
ဒေသန္တရရောဂါကာကွယ်ထိန်းချုပ်ရေးတာဝန်ရှိသူများက ထိုရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်ရန်အလို့ငှာ ထိုပြည်နယ်ရှိ အခြားအလားအလာရှိသောကူးစက်မှုများရှာဖွေဖော်ထုတ်ရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်ဟု အိုပက်စ်ကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို