ဘရပ်ဆဲလ် ၁၁ နိုဝင်ဘာ

 

အမေရိကန်၏ တင်ပို့ကုန်များကို ဥရောပသမဂ္ဂက နှစ်စဉ် ဒေါ်လာလေးဘီလီယံဖိုး အခွန်တိုးကောက်ရန် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ။

 

ယင်းသို့ အခွန်တိုးကောက်ရန် စီစဉ်ရခြင်းမှာ အမေရိကန်က ဘိုးရင်းလေယာဉ်ကုမ္ပဏီကို ထောက်ပံ့ကြေး ပေးအပ်ခဲ့သည့်အတွက် တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဥရောပ သမဂ္ဂကပြောသည်။ နိုဝင်ဘာ ၉ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဥရောပကော်မရှင် ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ ဗယ်လ်ဒစ် ဒမ်ဘရော့ဗ်စကစ်က ဥရောပသမဂ္ဂ အဖွဲ့ကြီးသည် ၎င်း၏လုပ်ပိုင်ခွင့်ကိုလက်တွေ့ လုပ်ဆောင်တော့မည်ဖြစ်ကာ ဘိုးရင်းကုမ္ပဏီကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက ကျွန်ုပ်တို့ကို လုပ်ဆောင်ခဲ့သည့်အတိုင်း အမေရိကန် အပေါ်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။ သို့ရာတွင် ဥရောပသမဂ္ဂသည် နှစ်ဖက်စလုံးက လက်ရှိလုပ်ဆောင်နေကြသည့် အပြန်အလှန်လုပ်ဆောင်နေမှုများကို ချက်ချင်းရပ်တန့်ကြရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လအတွင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက်တွင် ဥရောပသမဂ္ဂသည် ဘိုးရင်းကုမ္ပဏီအား အမေရိကန်က ထောက်ပံ့ကြေး ပေးခဲ့မှုကို အကြောင်းပြကာ အမေရိကန်အပေါ် အခွန်တိုးကောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ