ရှားပါးမျိုးစိပ်ဖြစ်သော ဧရာဝတီ လင်းပိုင်များ ရေရှည်တွင် ပိုမိုထိန်းသိမ်း ကာကွယ်မှုပြုနိုင်စေရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်များ (သို့မဟုတ်) ပြည်ထောင်စု လွှတ်တော်မှ “ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ”အဖြစ် အတည်ပြု ပြဋ္ဌာန်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း သဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင်ဦးထံက သိရသည်။