(၁၀)ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲကျင်းပ

နေပြည်တော် မေ ၂၅

 

ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့် အနာဂတ်အတွက်ဟူသော ဆောင်ပုဒ် ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲ အခမ်း အနားကို  မေ ၂၁ ရက်မှ ၂၄ ရက်အထိ ကွမ်ရှီးပြည်နယ် နန်နင်း မြို့၌ ကျင်းပရာ မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ အလုပ်အမှုဆောင် ()ဦးနှင့် လူငယ်()ဦး ပါဝင် သောအဖွဲ့  တက်ရောက်ခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံ နိုင်ငံအဖွဲ့ဝင် လူငယ် ကိုယ်စားလှယ်များနှင့် အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှု ဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားများ ကို ခမ်းနားစွာ ကျင်းပခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံး စတင်ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှ အနုပညာအက အစီအစဉ်များ တင်ဆက်ပြသခဲ့ကြသည်။

 

 အာဆီယံ လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော် နန်နင်းနှင့် စက်မှုဇုံလှူကျို့ Liuzhou မြို့များသို့လေ့လာရေးခရီးများလှည့်လည် ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)