ဘားအံ  ၂၇  ဇူလိုင် 


ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အခြေခံသမဝါယမအသင်းများသို့ (၁၂) ကြိမ်မြောက် China EXIM Bank အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့နံနက် ၁၀ နာရီက ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ချေးငွေပေးအပ်မှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ချေးငွေများကိုပေးအပ်ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့က ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများမှ China EXIM Bank ချေးငွေရယူသော အသင်း(၂၃၆)သင်း၊ အသင်းသား (၁၃၉၃၅)ဦးသို့ အသေးစား အရင်းအနှီးချေးငွေ ၂၂၈၈ ဒသမ ၁၆၆ ကျပ်သန်း၊ အစုငွေ ၆၈ ဒသမ ၂၈၅ ကျပ်သန်း၊ စုဆောင်းငွေ ၁၃၉၁ ဒသမ ၃၅၉ ကျပ်သန်း၊ စုစုပေါင်းထုတ်ချေးငွေ ၃၇၄၇ ဒသမ ၈၁ ကျပ်သန်းတိတိကို ထုတ်ချေးပေးခဲ့သည်။


ယခုထုတ်ချေးပေးသည့်ချေးငွေသည် တရုတ်နိုင်ငံမှရယူ၍ ထပ်ဆင့်ထုတ်ချေးပေးခြင်းဖြစ်ပြီး (၆)လလျှင် တစ်ကြိမ် ထုတ်ချေးပေခြင်းဖြစ်သည့်အတွက် (၆)နှစ်ကာလသို့ ရောက်ရှိလာပြီဖြစ်ကာ အတိုးနှုန်းမှာ  ၂ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် (၁၁)ကြိမ်မြောက်ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် အစောဆုံးပေးဆပ်နိုင်သည့် မြို့နယ်သမဝါယမအသင်းစုများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)