ရန်ကုန် ၃၀ စက်တင်ဘာ
ရန်ကုန်မြို့နေ “စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ ဦးစန်းမောင်မြင့် (နန်းဦးလွင်-M.A Japan) (လူမှုထူးချွန်-ပထမဆင့်) (ဆရာစောယွမ်း Freelance English Interpreter & Translator) သည် စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားသွေးဌာန၌ ၎င်းစည်းရုံးဆော်သြစုစည်းထားသော အခြားသွေးလှူရှင် ၂၄၆ ဦး တို့နှင့်အတူ COVID 19 စည်းမျဉ်းများနှင့်အညီ စေတနာအလျောက် (၁၂၈) ကြိမ်မြောက် သွေးလှူဒါန်းသွားကြောင်း သိရှိရသည်။
MDN