ကျိုက်လတ် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို ကျင်းပလျက်ရှိရာ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါသင်္ကြန်ပွဲတော်ကျင်းပရာတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ယိမ်းအဖွဲ့နှင့် ဖျော်ဖြေရေးအစီအစဉ်များကို အလှည့်ကျ အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံ ဖျော်ဖြေလျက်ရှိပြီး အလှူရှင်များကလည်း စတုဒီသာများ ကျွေးမွေးခဲ့ကြသည်။ ထို့နောက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)