နေပြည်တော်၊ ဧပြီ ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှုကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယိမ်းကကွက်များ ညီညာစေရန်၊ မျက်နှာအမူအရာ ပြုံးရွှင်စေရန်၊ ကိုယ်နေဟန်ထား ကျော့ရှင်းလှပမှုရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရန် စသည်ဖြင့် လိုအပ်သည်များကို မှာကြားသည်။
ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကန်မဏ္ဍပ်တွင် “ချမ်းခိုက်ခိုက်တုန်” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမဏ္ဍပ်တွင် “ပျော်သလားဟေ့”နှင့် “ထာဝရသစ္စာ” စသည့် တေးသီချင်းများဖြင့် လည်းကောင်း ကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
