နေပြည်တော် နိုဝင်ဘာ ၁၁

(၁၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) ကို ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြိုနယ် ရေဆင်းစိုက်ပျိုး‌ရေး သုတေသနဦးစီးဌာန၊ တောင်သူလယ်သမား ရုပ်သံခန်းမ၌ ငါးဆေးထိုးသာဖောက်မွေးမြူခြင်း ခေါင်းစဉ်ဖြင့်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်း (ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာစေမည်ဖြစ်ကြောင်း၊ လုပ်ကွက်ငယ်(MSME) ငါးမွေးမြူရေးတောင်သူများအား နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အဟာရပြည်ဝစေမှုအပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို မိမိတို့အားလုံး ပူးပေါင်းဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ဒေသဝမ်းစာဖူလုံရေး အပြင် ဈေးကွက် လိုအပ်ချက်ရှိနေသည့် သားငါးကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေ အတွက် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ သဘာဝမြစ်ချောင်း များ၊ ဆည်ကန်များတွင် အကြောင်း အမျိုးမျိုးကြောင့် လျော့နည်းလာသော ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းပေးနိုင်ရန နှင့် အာဟာရပြည့်ဝ‌သော ငါးအသားရိက္ခာကို ပြည်သူများ ဖူလုံစွာ စားသုံးနိုင်ကြစေရန်တို့ကို ရည်ရွယ်၍ ဖမ်းယူသုံးစွဲခြင်းထက် ငါးမွေးမြူရေးကဏ္ဍတရပ် ဖော်ဆောင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာနမှ ပညာရှင်တစ်ဦးက ငါးမွေးမြူခြင်း၊ ငါးဆေး ထိုးသားဖောက်ခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်း၏ အကျိုးကျေးဇူးများ၊ မျိုးငါး အထီးအမခွဲခြားခြင်း၊ မျိုးအင်္ဂါရင့်ကျက်မှု၊  ငါးမှုန်ပြုစုခြင်းနှင့် ရောဂါကျရောက်မှု ကာကွယ်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ငါးဆေးထိုး သားဖောက်ခြင်း မှတ်တမ်း ဗီဒီယိုပြသသည်။

ယင်းနောက် တက်ရောက်လာသည့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်း သူများနှင့် တောင်သူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြမှုများအပေါ် သက် ဆိုင်ရာဌာန တာဝန်ခံများ၊ ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား‌ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်