နေပြည်တော် ၉ မေ
(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀)မှပြိုင်ပွဲဝင် အားကစားသမား (၂၅၀)ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားပြိုင်ပွဲအား မေ ၁၆ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar convention center (MCC)ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လူမော်