၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိနိုင်ငံခြားပညာတော်သင် (၁၄,၃၈၁) ဦး စေလွှတ်ထားပြီးဖြစ်

နေပြည်တော် ၂၆  ဇူလိုင်

 

ပညာရေး၊ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေး ကော်မတီတို့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ နှစ်အလိုက် နိုင်ငံခြားပညာတော်သင် စေလွှတ်ပေးနိုင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏
နှစ်အလိုက်ပညာသင်စေလွှတ်မှုအခြေပြဇယား

စဉ်

ပညာသင်နှစ်

သင်တန်းအမျိုးအစား

ပေါင်း

ဘွဲ့မယူသည့်
သင်တန်း

ဘွဲ့/ဒီပလိုမာ
သင်တန်း

မဟာဘွဲ့
သင်တန်း

ပါရဂူဘွဲ့
သင်တန်း

၂၀၁၆ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိ

၂၅၆၃

၃၉

၂၀၂

၁၈၁

၂၉၈၅

၂၀၁၇ ခုနှစ် ဇန်နရီဝါလမှ ဒီဇင်ဘာလထိ

၃၇၁၄

၄၃

၄၉၈

၁၉၆

၄၄၅၁

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ

၄၂၁၂

၅၁

၃၉၈

၁၇၃

၄၈၃၄

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ

၂၀၁၇

၅၄

၃၄

၂၁၁၁

စုစုပေါင်း

၁၂၅၀၆

၁၃၉

၁၁၅၂

၅၈၄

၁၄၃၈၁

 

၂၀၁၆ ခုနှစ်ဧပြီလမှ ၂၀၁၉ ခုနှစ်ဇွန်လအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ စုစုပေါင်း (၅၄) ဌာနမှ နိုင်ငံပေါင်း (၇၀) နိုင်ငံသို့ နိုင်ငံခြားပညာတော်သင် (၁၄,၃၈၁) ဦး စေလွှတ်ပေးခဲ့ရာ ရိုးရိုးသင်တန်းများသို့ (၁၂,၅၀၆) ဦး၊ ဘွဲ့ဒီပလိုမာ သင်တန်းများသို့ (၁၃၉) ဦး၊ မဟာဘွဲ့သင်တန်းများသို့ (၁,၁၅၂) ဦး၊ ပါရဂူဘွဲ့ သင်တန်းများသို့ (၅၈၄) ဦးစေလွှတ်ပေးခဲ့ပြီး ဖြစ်သည်။ အများဆုံးစေလွှတ်သည့် နိုင်ငံများမှာ အိန္ဒိယသမ္မတနိုင်ငံသို့ (၂,၉၄၁) ဦး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ (၂၇,၇၆) ဦး၊ ဂျပန်နိုင်ငံသို့ (၂,၁၆၀) ဦး၊ ထိုင်းနိုင်ငံသို့ (၁,၇၄၂) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ (၉၃၉)ဦးအသီးသီးစေလွှတ်ခဲ့ပြီးဖြစ်သည်။

(သတင်းစဉ်)